ရန်ကုန်မှ Myanmar Airways International လေကြောင်းလိုင်း 8M 711 ( 08:40 -13:15 )ဖြင့် ကွမ်းမြို့သို့ ပျံသန်းရောက်ရှိ၍ ကားဖြင့်(၁)နာရီခွဲခန့် ဝေးကွာသော ကျောက်ချင်မြို့သို့ ထွက်ခွာ၍ (XING HU SCENIC AREA) စင်ဟူကန်ကြီး ရှုခင်းသာသို့သွားရောက်၍ သင်္ဘောဖြင့်လည်ပတ်ပါမည်။ ၄င်း၏ဧရိယာမှာ (၂၀.၆၁) စတုရန်းကီလိုမီတာရှိသည်။ ကန်ပတ်လမ်းကို(၂၀) ကီလိုမီတာရှည်လျားသော လျှောက်လမ်းများဖြင့်တည်ဆောက်ထားပြီး ကန်ကိုအပိုင်း (၆)ပိုင်း ခွဲထားပါသည်။ ကန်ဘေးတွင် ထုံးကျောက်တောင်ခုနှစ်လုံးရှိ၍ ခုနှစ်စင်တောင်ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ကန်တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသော လျှောက်လမ်းများတွင် ရှုခင်းကြည့်ရှုရာ စင်များ(၄၀)ခန့် တည်ဆောက်ထားပြီး တောင်နှင့်ရေများပေါင်းစပ်ထားသောကြောင့် အလွန်သာယာလှပသည့် ရှုခင်းကိုတွေ့မြင်ရပါလိမ့်မည်။ ဆက်လက်၍ ကားဖြင့် (၁)နာရီခွဲခန့်ဝေးကွာသော ဝူးမြို့သို့သွားရောက်၍ ညစာသုံးဆောင်ပြီးလျှင် Qilou Street လျှောက်လမ်းမကြီးသိုဈေးဝယ်လည်ပတ်ပါမည်။၄င်းလမ်းမကြီးသည် အလျား(၇)ကီလိုမီတာရှည်ပြီး၊ လမ်းပေါင်း(၂၂)လမ်းနှင့် အဆောက်အဦးပေါင်း(၅၀ဝ) ကျော်ရှိ၍ အလွန်စည်ကားသောဈေးလမ်းမကြီးဖြစ်ပါသည်။ ထို့နောက် ဟိုတယ်သို့ Check-in ဝင်ရောက်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ် - ဝူဂျိုး



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၁:၃၀)နာရီခန့် ဝေးကွာသော (Hezhou)ဟိုးမြို့ သို့ ထွက်ခွာ၍ ဟိုးမြို့သို့ ရောက်လျှင် (Huang Yao Ancient Town) ဟွမ်ရောက်မြို့ဟောင်းသို့ သွားရောက်လည်ပတ်မည်။ ၄င်းမြို့ဟောင်းသည် လွန်ခဲ့သောနှစ်ပေါင်း(၂၀ဝ၀)ဝန်းကျင်ခန့်ကတည်းက တည်ထောင်သောမြို့ဖြစ်၍ ရှေးဟောင်းဘုရားကျောင်းများနှင့်အဆောက်အဦးများကို တွေ့မြင်ရမည်ဖြစ်ပြီး တောင်ပတ်လည်ဝိုင်းရံထားသဖြင့် သာယာလှပသောမြို့တစ်မြို့ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျင် (Huang Yao Flower) ဟွမ်ရောက်ပန်းဥယျာဉ်ကြီးသို့ သွားရောက်လည်ပတ် ကြည့်ရှုကြပါမည်။ ပန်းပေါင်းစုံစိုက်ပျိုးထား၍ တစ်နှစ်ပတ်လုံးပန်းများပွင့်လန်းသဖြင့် မျက်စိအဆုံးပန်းများ၏အလှကိုတွေ့မြင်ရ၍ အလွန်သာယာသော ပန်းဥယျာဉ်ကြီးတစ်ခုဖြစ် ပါသည်။ ထို့နောက် (Lingfeng Square) လင်ဖုန်းရင်ပြင်တော်ကြီးကို သွားရောက်လည်ပတ်ရာ ဟိုးမြို့၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူနေမှုဘဝများ ပေါင်းစပ်ထားသောနေရာတစ်ခုအဖြစ် တွေ့မြင်ရပါလိမ့်မည်။ ညစာသုံးဆောင်ပြီးလျှင်ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဟိုဂျိုး



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၂:၃၀)နာရီခန့်ဝေးကွာသော (Lipu)လိဖူမြို့သို့ထွက်ခွာ၍ တောင်ထိပ်ပေါင်း၁၂တောင်ကို ထိုးဖေါက်၍ အဆင့်ဆင့်လိုဏ်ဂူပုံသဏ္ဍန်ဖြင့် ငွေရောင်လိုဏ်ဂူကြီး (Silver Cave) သို့သွားရောက်လည်ပတ်ပါမည်။ ၄င်းလိုဏ်ဂူထဲတွင် နှစ်အလိုက်ရောင်စုံကျောက်စက် ပန်းဆွဲများနှင့်ထုံးကျောက်တိုင်အမျိုးမျိုးတို့ကို ငွေရောင်များတောက်ပနေသည့်အလား ထူးခြားအံ့ဖွယ်တွေ့မြင်ရသဖြင့် ကမ္ဘာ့အလှပဆုံးနှင့်အထူးခြားဆုံးသော လိုဏ်ဂူအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ကားဖြင့် မိနစ်(၄၀)ခန့်ဝေးကွာသော (Yangshu) ရန်စောမြို့သို့ ထွက်ခွာပါမည်။ ဆက်လက်၍ Sightseeing Tour အနေဖြင့် ရန်စောမြို့၏ အရှေ့ဘက်ရှိ Lijiang (Diamond Water Part) လိကျန်းမြစ်ထဲတွင် လှေဖြင့် သဘာဝတောင်ကုန်းတောင်တန်းများ၏ အလှကိုရှုစားရင်း ပန်းချီကားချပ်ထဲသို့ရောက်သွားသည့်အလားခံစားရပါလိမ့်မည်။ ထို့နောက် စည်ကားလှသော (West Street) ဈေးလမ်းမကြီးသို့ သွားရောက်လည်ပတ်၍ ရှေးခေတ်မြို့ရိုးကြီးများ၊ အဆောက်အဦးများ၊ ဘုရားကျောင်းများ ၊ လူနေအိမ်များ ကောင်းမွန်စွာထိန်းသိမ်းထားသည်ကို တွေ့မြင်ရပါလိမ့်မည်။ ဆက်လက်၍ ကွမ်စီပြည်နယ်ရှိ တောတောင်ရေမြေ သာဘာဝအလှများနှင့် တိုင်းရင်းသားလူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှု အမွေနှစ်များကို ပေါင်းစပ်ဖော်ကြူးသရုပ်ဖော်ပြသနေသည် ရေပေါ်အက (Show of Imperission Liu San Jie) နာမည်ကြီးပြပွဲကိုလည်း အံသြစွာကြည့်ရှု ခံစားရပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အေးချမ်းစွာအိပ်စက် အနားယူပါမည်။
ညအိပ် - ရန်စော



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် (The Land of Peach Blossoms) တွင် ငြိမ်းအေးသာယာပြီး အလွန်လှပသော တောတောင်သဘာဝအလှများ၊ ကြာပန်းအိုင်၊ ပျံလွှားအိုင်၊ ပျံလွှားဂူများနှင့် ဒေသခံလူမျိုးများ၏ ယဉ်ကျေးမှုလေးများကို ပေါင်းစပ်ဖွဲ့စည်းထားသည့်နေရာကို တွေ့မြင်ရလိမ့်မည်။ ဒေသခံလူမျိုးများ နေထိုင်မှုဘဝကိုလည်း ဝင်ရောက်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ကားဖြင့်(၁:၃၀)နာရီခန့်ဝေးကွာသော ကွေ့လင်မြို့သို့ သွားရောက်၍ (Jinjiang Wangcheng)ကျင်းကျန့်အိမ်တော်ကြီးကို ဝင်ရောက်ကြည့်ရှု၍ (Du Xiu Peak) တွမ်ရှီးတောင်ထိပ်ကို တက်၍ ကွေ့လင်မြို့၏အလှကို ရှုစားနိုင်ပါသည်။ ထို့နောက် ကွေ့လင်မြို့၏မြို့လယ်ခေါင်မှာ တည်ရှိသော (Rong Lake and Shan Lake Park)ညောင်ကန်နှင့်ထင်ရှူးမွှေးကန်ကို သွားရောက် လည်ပတ်ပါ၍ ၄င်းရေကန်ထဲတွင် တည်ဆောက်ထားသော ကမ္ဘာ့အမြင့်ဆုံး(Golden and Silver Twin Towers) ရွှေငွေစေတီတော်ကြီးကို အဝေးမှကြည့်ရှုပါမည်။ ညစာသုံးဆောင် ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကွေ့လင်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၁:၃၀)နာရီခန့်ဝေးကွာသော လုံစိန်သို့သွားရောက်၍ (The Longji Yao and Zhuang Ethnic Terrace) လှပသောလုံကြည် လှေကားထစ်စိုက်ပျိုးခင်းများကိုကြည့်ရှုပါမည်။ ထိုလှေကားထစ်စိုက်ပျိုးခင်းတချို့တွင် (၅၆)ကီလိုမီတာခန့် မတ်စောက်၍ တောင်တန်းများတွင် နေရာအလွတ်မကျန်ရအောင် စိုက်ပျိုးထားသဖြင့် ပန်းချီကားချပ်အလား တွေ့မြင်ရပါလိမ့်မည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ဒေသခံ(ယောက်) လူမျိုးများနေထိုင်သော BAIMIANHONGYAOZHAI ရွာလေးကို ဝင်ရောက်လေ့လာပါမည်။ ၄င်းရွာထိပ်တွင် ရွာ၏အမည် ကမ္ဗည်းတိုင် စိုက်ထူးထားပါသည်။ ပတ်ပတ်လည်တွင် တောင်တန်းများဝိုင်းရံထား၍ အလွန်အေးချမ်းသောယောက်လူမျိုးများ၏ တေးသီချင်းများနှင့်တောအကများကို ဖျော်ဖြေဧည့်ခံခြင်းကို ကြည့်ရှုခြင်းအားဖြင့် အလွန်ဖော်ရွေသောလူမျိုးများဟု တွေ့မြင်ရလိမ့်မည်။ ထို့နောက် ကားဖြင့်(၁:၃၀)နာရီခန့်ဝေးကွာသေ ာကွေ့လင်မြို့ သို့ ပြန်လည်ထွက်ခွာပြီး Zhengyang Road Street လမ်းမကြီးတွင် ဈေးဝယ်လည်ပတ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကွေ့လင်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် ကွေ့လင်မြို့ပတ်ပတ်လည်တွင် တည်ရှိသောလီမြစ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် Mulong Lake , Guihu Lake , Ronghu Lake နှင့် Shanhu Lake စသည့်ရေကန်ရှုခင်းသာဧရိယာ One River and Four Lakes သို့သွားရောက်လည်ပတ်၍ ကွေ့လင်မြို့၏ သဘာဝအလှတရားများ၏ အမွေအနှစ်ကိုကြည့်ရှုပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Seven Star Park ပန်းခြံသို့ဝင်ရောက်ပြီး စိမ်းလန်းစိုပြေသာယာလှပသော တောတောင်တို့၏ ရေမြေသဘာဝအလှများ၊ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း အဆောက်အအုံများ ပေါင်းစပ်တည်ရှိနေသော ပန်းခြံအတွင်းသို့ လည်ပတ်ပါမည်။၄င်း Seven Star ပန်းခြံသည် လီမြစ်၏ အရှေ့ဘက်ကမ်းခြေတွင်တည်ရှိပြီး ကွေ့လင်မြို့၏ အလှပဆုံးနှင့် အကြီးဆုံးပန်းခြံတစ်ခုလည်း ဖြစ်ပါသည်။ ဆက်လက်ပြီး ရှေးဟောင်းသမိုင်းဝင်မျှော်စင်ဖြစ်သော Xiaoyaolou သို့ သွားရောက်လည်ပတ်ရာ ၄င်းမျှော်စင် သည် Tang မင်းဆက်ခေတ် (621)ခုနှစ်က တည်ဆောက်ခဲ့ပြီးနောက် (2015)ခုနှစ်တွင်ပြန်လည် တည်ဆောင်ထားသော (၂၄)မီတာအမြင့်ရှိ ဘုံသုံးဆင့်မျှော်စင် ဖြစ်ပါသည်။ ဆက်လက်၍ East West Street သို့သွားရောက်၍ Qing ချင်းမင်းဆက်လက်ထက် သမိုင်းဝင်ရှေးဟောင်းလမ်းများ၊ အဆောက်အဦးများနှင့် ယဉ်ကျေးမှုများကို လေ့လာနိုင်ပါသည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကွေ့လင်



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် နာမည်ကြီးသောကွေ့လင်မြို့၏ အထင်ကရလည်ပတ်ရာနေရာဖြစ်သော (Elephant Hill Park) ဆင်နှာမောင်းတောင် ရှုခင်းသာကြီးသို့ကားဖြင့်သွားရောက်လည်ပတ်ပါမည်။ ဆင်နှာမောင်းတောင်သည် ကွေ့လင်မြို့၏အထင်ကရနေရာအမှတ်တံဆိပ်တစ်ခုဖြစ်၍ ခရီးသွားအများအပြား လာရောက်လည်ပတ်သောနေရာဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးလျှင် ကွေ့လင်မြို့မှကွမ်းသို့ အမြန်ရထားD2958(14:03-17:10) ဖြင့်ပြန်လည်ရောက်ရှိပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ကွမ်းကျိုး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကွမ်ဂျိုးမှ 8M 712(14:15-15:50) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ချောမောစွာပြန်လည်ရောက်ရှိပါမည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 1350 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
- အသွားအပြန်လေယာဉ်လက်မှတ် ဟိုတယ်များတွင် (၇) ညတာတည်းခိုစရိတ်များ။
- အမြန်ရထားလက်မှတ်။
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
- တရုတ်ပြည်ဝင်ခွင့်ဗီဇာလျှောက်ပေးခြင်း။
- Tour Leader
- တစ်ဖက်နိုင်ငံမှ Local Guide နှင့် Bus Captain တို.၏ခရီးစဉ်တစ်လျောက် လိုက်ပါဝန်ဆောင်မှု။
- Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
- ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများနှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပို နှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု နှင့် ပျောက်ရှမှုများ။ (အခန်းသော့၊ သဘက် အစရှိသည်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခများ။


(95 -1 ) 516932 ,516964,516985,503815
(95-1)503815
fullylight8 , aat171 , royal.april 1
Fully Light Travels & Tours Co.Ltd.
844 769380





