ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဧည့်လမ်းညွှန်နှင့်တွေ့ဆုံ၍ EK 389 လေယာဉ်ဖြင့် ည (02:40) အချိန်တွင် ဒူဘိုင်းသို့ထွက်ခွာပါမည်။
နံနက် (5:40)နာရီတွင် ဒူဘိုင်းလေဆိပ်သို့ရောက်ရှိရာ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပါမည်။ ထို့နောက် အဘူဒါလီခရီးစဉ် စတင်ပါမည်။ အဘူဒါလီသည် အစိုးရရုံးစိုက်ရာမြို့ဖြစ်ပြီး နိုင်ငံတကာသံရုံးများ ရှိပါသည်။ အာရပ်နိုင်ငံ၏ အကြီးဆုံးဗလီဖြစ်သော Sheikh Zayed Grand Moaque သို့ လည်ပတ်ပြီးနောက် Chinese Restaurart တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် ကြီးကျယ်ခမ်းနားထယ်ဝါသော Eithad Towers နှင့် အမှတ်တရဓါတ်ပုံများ ရိုက်ကူးနိုင်ပါမည်။ ဆက်လက်ပြီး ကြယ် ၈ ပွင့် အဆင့်ရှိ Emirates Palace Hotel သို့ လည်ပတ်ပါမည်။ Chinese Restaurant တွင် ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ဝင်၍ အနားယူပါမည်။
ညအိပ် - အဘူဒါဘီ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Al Ain သို့ထွက်ခွာ၍ Mount Jabel Hafeet တောင်ခြေရှိ Natural Hot Spring သို့လည်ပတ်ပြီးနောက် Al Ain Zoo တို့ကို သွားရောက်လည်ပတ်ပါမည်။ ဆက်လက်ပြီး Al Ain Camel Market သို့သွားရောက်လည်ပတ်ပြီးလျှင် နေ့လည်စာသုံးဆောင်ကြမည်ဖြစ်ပါမည်။ ထို့နောက် ဒူဘိုင်းသို့ ကားဖြင့်ပြန်လည်ထွက်ခွာ၍ Thai Restaurant တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဒူဘိုင်း
ဟိုတယ်တွင် နံနက်စာသုံဆောင်ပြီးနောက် ဟိုတယ်မှ Check-out ထွက်၍ (Heritage Village) ရိုးရာယဉ်ကျေးမှုရွာအား လှည့်ပတ်ပြသပါမည်။ ထို့နောက် Dates Market တွင် ဈေးဝယ်ထွက်နိုင်ရန် ပို့ဆောင်ပေးပြီးနောက် Louvre Abu Dhabi သို့ လည်ပတ်ပြီးလျှင် နေ့လည်စာ သုံးဆောင်မည်ဖြစ်ပါသည်။ ဆက်လက်ပြီး Yas Island ရှိ Ferrari World သို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို Chinese Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check in ဝင်၍ အပ်စက်အနားယူပါမည်။
ညအိပ် - ဒူဘိုင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Madinat Jumeirah Souq, Al Bastakiya သို့ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ဆက်လက်ပြီး အာရပ်စော်ဘွားများ နိုင်ငံ၏သမိုင်းကြောင်းအဖြစ် လေ့လာနိုင်မည့် ဒူဘိုင်းပြတိုက် Duabai Museum အားဝင်ရောက်လေ့လာပါမည်။ ဒေသခေါ် Water Taxi ဖြင့် ဒူဘိုင်းတူးမြောင်းကိုဖြတ်ပြီး လှပသော ရွှေဈေးသို့ လည်ပတ်ပါမည်။ ဟင်းခတ်အမွှေးအကြိုင်များ၊ ရွှေထည်ပစ္စည်းများ၊ အိန္ဒိယအဝတ်အထည်များ၊ အာရပ်ဒေသ ထွက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါသည်။ နေ့လည်စာအား Buffet ဖြင့် သုံးဆောင်ပြီးနောက် သဲကန္တာရခရီးကြမ်းစွန့်စားခရီးစဉ်ဖြင့် တစ်ခါမျှရခဲဘူးသော အတွေ့အကြုံများကို ခံစားရင်း ကုလားအုပ်များစီးခြင်း၊ သဲလျှောစီးခြင်း၊ ရိုးရာလက်ပန်းအလှထိုးခြင်း၊ အာရပ်ဝတ်စုံများဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း၊ ဗိုက်လှုပ်အက(Bally Dancer) များနှင့် ရင်ခုန်ကြည်နူးဖွယ် ကြည့်ရှုခံစားရင်း BBQ Dinner ဖြင့် တည့်ခင်းဧည့်ခံမည် ဖြစ်ပါသည်။ ထို့နောက် ဒူဘိုင်းသို့ ပြန်လည်ထွက်ခွာ၍ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ညအိပ် - ဒူဘိုင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Jumeirah Beah သို့ သွားရောက်ရာ Burj Al Arab Hotel ကို တွေ့မြင်နိုင်ပါမည်။ ထို့နောက် Madinat Jumeirah Souq သို့ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ Chinese Restaurant တွင် နေ့လည်စာ သုံးဆောင်ပြီးလျှင် ကမ္ဘာ့အကြီးဆုံးလူလုပ်ကျွန်း Palm Island သို့ Mono Rail ဖြင့် သွားရောက်လည်ပတ်ရာ “Atlantis Hotel” ကို တွေ့မြင်ရနိုင်ပါသည်။ Aquaventure at Atlantis the Plam သို့ လည်ပတ်နိုင်ရန်ပို့ဆောင်ပေးပါမည်။ ဆက်လက်ပြီး စော်ဘွားနန်တော်ပြင်ပနှင့် Mairna သို့ Yacht Tour အနေဖြင့် လှည့်ပတ်ကြပါမည်။ ညစာကို Korea Restaurant ၌ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်၍ အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ညအိပ် - ဒူဘိုင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းသို့ ကားဖြင့်ထွက်ခွာပြီး နာရီတွင်ကမ္ဘာ့အကြီးဆုံး မှန်ဘောင်ကြီးအဖြစ် ထင်ရှားသော Dubai Frame သို့ သွားရောက် ဓါတ်ပုံရိုက်ကူးကြမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Dubai Mall Aquarium တွင် ပျော်ရွှင်စွာလည်ပတ်ပြီး ကမ္ဘာ့အမြင့်ဆုံးမျှော်စင် Burj Khalifa ၏အပေါ်ဆုံးထပ်သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ ထိုမျှော်စင်ကို (၆)နှစ်တိုင်တိုင်တည်ဆောက်ခဲ့ရပြီး၊ မျှော်စင်၏အမြင့်မှာ ၈၂၈ မီတာမြင့်မားပြီး အထပ်ပေါင်း ၁၆၀ ဖြင့်ဖွဲ့စည်းထားပါသည်။ ဆက်လက်၍ Dubai Mall သို့ Shopping ထွက်ပြီးနောက် ညနေပိုင်းတွင် Dubai Fountain ကြည့်ရှုနိုင်ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ ပြန်လည်ပို့ဆောင်၍ အိပ်စက်အနားယူပါမည်။
ညအိပ် - ဒူဘိုင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check Out ထွက်ပါမည်။ ထိုနောက် ကားဖြင့်လေဆိပ်သို့ ပို့ဆောင်ပေးပြီး EK 388( 09:15 – 17:25 ) လေယာဉ်ဖြင့် ရန်ကုန်မြို့သို့အေးချမ်းစွာပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 2045 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
- အသွားအပြန်လေယာဉ်လက်မှတ်။
- အဆင့်မြင့် ဟိုတယ်ကြီးများတွင် (၇)ညတာ တည်းခိုစရိတ်များ။
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- ခရီးစဉ်တွင်ဖော်ပြထားသောအရသာရှိသော နံနက်စာ၊ နေ့လည်စာ၊ ညစာ မပျက်မကွက် တည်ခင်းဧည့်ခံခြင်းများ။
- ခရီးစဉ်တွင်ဖော်ပြထားသော သွားရောက်မည့် အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
- တစ်ဖက်နိုင်ငံမှ English Guide နှင့် Bus Captain တို့၏ခရီးစဉ်တစ်လျောက် လိုက်ပါဝန်ဆောင်မှု။
- Local Guide နှင့် Bus Captain တို့အားပေးဆောင်ရမည့် Tip Money များ။
- Fully Light မှနွေးထွေးပျူငှာသော Tour Leader တစ်ဦး၏လိုက်ပါဝန်ဆောင်မှု။
- Visa Fee
- ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန်ဖော်ပြမထားသော အပိုလည်ပတ်မှုများနှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန့်အပို နှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။(အခန်းသော့၊ သဘက် အစရှိသည်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။(Porter Fee)