ရန်ကုန်လေဆိပ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar Airways လေကြောင်းလိုင်း 8M 711 (08:40-13:15) လေယာဉ်ဖြင့် ကွမ်ဂျိုးမြို့သို့ ပျံသန်းရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် ဟိုတယ်တွင် Check in ဝင်၍ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ညအိပ် - ကွမ်ဂျိုး



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးလျှင် အာရှအားကစားပွဲတော်ဖွင့်လှစ်ခဲ့သော Asian Game Park ဟိုက်စင်းဥယျာဉ်နှင့် Flower Plaza ဟွာချိန်ရင်ပြင်တော် သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်ပြီး ကွမ်ဂျိုးမြို့၏ ပြယုဂ်အဖြစ်ကျော်ကြားသော Guangzhou TV Tower သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကွမ်ဂျိုးမှရှာမှိန်သို့ ကျည်ဆန်ရထား ( Bullet Train ) D 2381 (12:40 – 17:42) ဖြင့် သွားရောက်ပြီး ဟိုတယ်တွင် Check in ဝင်၍ အိပ်စက်အနားယူမည် ဖြစ်ပါသည်။
ညအိပ် - ရှာမှိန်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင်ကားဖြင့် Gulang Islet ဂူလန်ယိကျွန်းကြီးသို့ သွားရောက်လည်ပတ်ပါမည်။ ၄င်းကျွန်းကြီးသည် ထူးခြားသော ကျောက်ဆောင်များ နှင့် လှပသောပင်လယ်ကမ်းခြေများ တည်ရှိသဖြင့် ဧည့်သည်မပျက် လာရောက်အပန်းဖြေသူများ စည်ကားနေပါသည်။ ရေလှိုင်းများတက်လာသည့် အချိန်တွင် လှိုင်းများကျောက်ဆောင်ကိုပုတ်ခပ်၍ ဗုံတီးသံများကဲ့သို့ကြားရပါသည်။ ဆက်လက်ပြီး Suzhuang Garden စုကျွမ်းဥယျာဉ်အိမ်တော်ကြီးကို ဝင်ရောက်လေ့လာရာ ရှေးခေတ်ပုံစံမပျက် သာယာလှပနေသည်ကို တွေ့မြင်ရပါမည်။ ထို့နောက် Piano Museum ရှေးဟောင်းစန္ဒရားပြတိုက်သို့ ဝင်ရောက်ကြည့်ရှု့လေ့လာပါမည်။ ဆက်လက်၍ Longtou Walking Street လုံထိုဈေး လျှောက်လမ်းမကြီးကို ဝင်ရောက်လည်ပတ်ပါမည်။ ထို့နောက် ရှာမှိန်မှဝူရီစန်း သို့ ကျည်ဆန်ရထား ( Bullet Train ) ဖြင့် သွားရောက်ပြီး ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ Check- in ဝင်ရောက်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
ညအိပ် - ရှာမှိန်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Tianyou Peak ထျန်ယိုတောင်သို့ သွားရောက်လည်ပတ်ပါမည်။ ထျန်ယိုတောင်သည် ၄င်းဒေသတွင် နာမည်ကျော်ကြားသော ရှု့ခင်းသာဖြစ်ပြီး တောင်ထိပ်သို့တက်ရောက်၍ စိမ်းလန်းပြီးသာယာလှပကြည်လင်သော တောတောင်များကိုရှု့စားနိုင်ပါသည်။ တိမ်ထူသောနေ့ဆိုလျှင် တိမ်တိုက်ပင်လယ်ကြီးကို တွေ့မြင်နိုင်ပါသည်။ ဆက်လက်၍ Jiuqu River ဂျိုးချည်မြစ်ထဲတွင် ဖေါင်စီးပြီးသဘာဝ တောတောင်အလှများကို ရှု့စားနိုင်ပါမည်။ ထို့နောက် Song dynasty Street ရှေးခေတ်ဆုံမင်းဆက်ကဲ့သို့ ရှေးဟောင်းဈေးလမ်းကြီးကို သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ Wuyi Palace ဝူရိစန်းနန်းတော်ကို ဝင်ရောက်လေ့လာရာ ဝူရိစန်းနန်းတော်သည် ရှု့ခင်းသာ၏အချက်အခြာကြသော နေရာဖြစ်ပြီး ရှေ့ဘက်တွင်မြစ်ရှိ၍ နောက်ဘက်တွင်တောင့်ခံထားသဖြင့် အလွန်သာယာလှပပြီး လည်ပတ်၍ ကောင်းသောနေရာဖြစ်ပါသည်။ ဆက်လက်၍ Dahognpao scenic area သို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်အိပ်စက်အနားယူပါမည်။
ညအိပ် - ဝူရီစန်း



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် သာယာကြည်နူးဖွယ်ကောင်းသည့် Tiger Rock သို့ သွားရောက်လည်ပတ်ပါမည်။ ကျောက်ဆောင်ဂူပေါက်ထဲတွင် လေတိုက်သောအခါ ကျားဟိန်းသံကဲ့သို့အသံများ ကြားရသောကြောင့် Tiger Rock ဟု အမည်တွင်ခြင်းဖြစ်ပါသည်။ ဆက်လက်၍ One-line-sky သို့ သွားရောက်လည်ပတ်ပါရာ ဂူအတွင်းရှိအပေါက်ကြားမှနေ၍ ကောင်းကင်ယံမှအလင်းတန်းများ ဖြာကျနေသကဲ့သို့ တွေ့မြင်ရလိမ့်မည်ဖြစ်သည်။ ထို့နောက် D 6241 (14:47-18:36) Bullet Train (ကျည်ဆန်ရထား) ဖြင့် ဝူရိစန်းမှရှာမှိန်သို့ ထွက်ခွာပါမည်။ ရှာမှိန်သို့ရောက်လျှင် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ Check in ဝင်၍ အိပ်စက်အနားယူပါမည်။
ညအိပ် - ရှာမှိန်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ကားဖြင့် (၃:၃၀) နာရီခန့် ဝေးကွာသောဟွာအန်မြို့သို့ သွားရောက်လည်ပတ်ရာ ဟွာအန်မြို့၏ နာမည်ကျော်ကြားသော UNSCO ကမ္ဘာ့စားရင်းဝင် Dati Tulou Village တာတီ ရှေးဟောင်းစက်ဝိုင်းအိမ်ရွာသို့ သွားရောက်လေ့လာပါမည်။ ထုထည်ကြီးမားခိုင်ခန့်သော ရှေးခေတ်အဆောက်အဦးပေါင်း ၆၈ ဆောင်တည်ရှိပြီး သမိုင်းဝင်အဆောက်အဦးနှင့် ယဉ်ကျေးမှုများကို ကမ္ဘာ့အရပ်ရပ်မှ ခရီးသွားဧည့်သည်များ အများဆုံးလာရောက်လေ့လာလည်ပတ်ရာ နေရာလည်း ဖြစ်ပါသည်။ ထို့နောက် ရှေးဟောင်းနန်ဖူထွာ South PuTuo Temple ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ ၄င်းကျောင်းထဲတွင် ကွမ်ရင်မယ်တော်ရုပ်တု တည်ရှိပြီး ကျဲ့ကျန်းမြို့၏ Putuo တောင်ရှိ ကွမ်ရင်မယ်တော်ရပ်ထုနှင့် ဆင်တူပြီး တောင်ပိုင်းတွင်တည်ရှိသောကြောင့် South Putuo Temple ဟု ခေါ်တွင်ကြပါသည်။ ထို့နောက် နိုင်ငံဖခင်ကြီးဖြစ်သည့် ဆွန်ယက်ဆင်ရုပ်တုရှိရာ Zhongshan Park သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ရှာမှိန်၏ထင်ရှားကျော်ကြားသော ဈေးဝယ်လမ်းမကြီးတစ်ခုဖြစ်သည့် Zhongshan Walking Street တွင် ဈေးဝယ်ထွက်ပြီးနောက် ညနေပိုင်းတွင် ကားဖြင့် ရှာမှိန်မြို့သို့ ပြန်လည်ထွက်ခွာ၍ ညစာသုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ဝင်ရောက်၍ အေးချမ်းစွာအိပ်စက် အနားယူပါမည်။
ညအိပ် - ရှာမှိန်



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် ရှာမှိန်မှ ကျည်ဆန်ရထား G 1609 (09:59–14:15) ဖြင့် ကွမ်ဂျိုးသို့ ထွက်ခွာမည်ဖြစ်ပါသည်။ ထို့နောက် ကွမ်ဂျိုးမြို့၏ အထင်ကရဖြစ်သော Yuexiu Park ဆိတ်ငါးကောင်ဥယျာဉ်သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ပေကျင်းဈေးဝယ်လမ်းမကြီး Beijing Road Shopping Street သို့ သွားရောက်လည်ပတ်ကြပါမည်။
ညအိပ် - ကွမ်ဂျိုး
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးလျှင် Myanmar Airways လေကြောင်းလိုင်း 8M 711 (22:20-02:30) လေယာဉ်ဖြင့် ကွမ်ဂျိုးလေဆိပ်မှထွက်ခွာ၍ ရန်ကုန်မြို့သို့ ချောမောစွာပျံသန်းရောက်ရှိပါမည်။
***ဧည့်သည်တော်များ ရွှင်လန်းချမ်းမြေ့ကြပါစေ။***
ခရီးစဉ်ဈေးနှုန်း တစ်ဦးလျှင် - USD 1550 ( Per Pax )
*မှတ်ချက် - လူဦးရေနှင့်လေယာဉ်လက်မှတ်ပေါ်မူတည်၍ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။
- ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်။
- အဆင့်မြင့်ဟိုတယ်ကြီးများတွင် တည်းခိုစရိတ်များ။
- ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊နေ့လည်စာ၊ညစာ
- ခရီးစဉ်တစ်လျှောက် Aircon Bus ဖြင့် အကြိုအပို့ပြုလုပ်ခြင်း။
- ခရီးစဉ်တွင် ဖော်ပြထားသော သွားရောက်မည့်အစီအစဉ်၏ အလည်အပတ်များနှင့် ဝင်ကြေးလက်မှတ်များ။
- တရုတ်ပြည်ဝင်ခွင့် ဗီဇာလျှောက်ပေးခြင်း။
- Tour Leader
- တစ်ဖက်နိုင်ငံမှ Local Guide နှင့် Bus Captain တို.၏ ခရီးစဉ်တစ်လျောက်လိုက်ပါဝန်ဆောင်မှု။
- Local Guide နှင့် Bus Captain တို.အားပေးဆောင်ရမည့် Tip Money များ။
- ခရီးစဉ်တွင်ဝင်ရောက်လည်ပတ်ရန် ဖော်ပြမထားသော အပိုလည်ပတ်မှုများနှင့် ထိုဝင်ကြေးများ။
- စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် ရေသန့်များ။
- ဟိုတယ်တွင်သုံးစွဲသော အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အအေး၊ ရေသန်.အပိုနှင့် Mini Bar အသုံးပြုခများ။
- ဟိုတယ်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပျောက်ရှမှုများ။ (အခန်းသော့ ၊ သဘက်အစရှိသည်)
- ဟိုတယ်တွင် Porter မှ မိမိ Luggage အား အခန်းတွင်းသို့ သယ်ယူပို့ဆောင်ပေးခများ။ (Porter Fee)
- လေယာဉ်အတွက် Air Line သတ်မှတ်ထားသော အလေးချိန်ထက် ဝန်ပိုသယ်ဆောင်ခများ။ (Overweight charges)